ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံမှုက လွတ်

Your browser doesn’t support HTML5

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းအင်မရာခန် ဒီကနေ့ နိုဝင်ဘာ ၃ ရက် စည်းရုံးရေးခရီးစဉ်မှာ လုပ်ကြံပစ်ခတ်ခံရပြီး ခြေထောက်ကို ထိမှန်သွားပါတယ်။ အသက်အန္တရာယ်တော့မရှိဘူးလို့ သူ့လက်ထောက်တွေကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြထားပါတယ်။ တခြား လူ ၄ ဦးလည်း ဒဏ်ရာရသွားပြီး သေဆုံးမှုတေော့ မရှိပါဘူး။

သေနတ်သမားကိုလည် ဖမ်းမိထားပါပြီ။ ဝန်ကြီးချုပ်ဟောင်းခန်ဟာ ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲကို စောစောကျင်းပရေး အစိုးရကို ဖိအားပေးတောင်းဆိုဖို့ မြို့တော်ဆီအသွား လမ်းကမြို့တွေမှာ စည်းရုံးဟောပြောနေတာဖြစ်ပါတယ်။