“၂၀၂၂ အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲ” (၂၀၂၂၊ နိုဝင်ဘာ ၈)

နိုင်ငံသားတယောက်အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်၊ မဲဆန္ဒထည့်ဝင်ဖို့ မိန်းပြည်နယ်၊ လူဝစ္စတန်မြို့မှာ တွေ့ရတဲ့ ဆိုင်းဘုတ်လေးက သတိပေးနေပါတယ်။ (၂၀၂၂၊ နိုဝင်ဘာ ၈)
 

 နယူးယောက်ပြည်နယ်၊ ရုဒ်အိုင်လန်၊ ဝါးဝတ်ခ်မြို့က မဲရုံတရုံမှာ သက်တမ်းဝက်ရွေးကောက်ပွဲအတွက် မဲပေးဖို့ မဲဆန္ဒရှင်တွေ တန်းစီနေကြတာပါ။ (၂၀၂၂၊ နိုဝင်ဘာ ၈)

မဲပေးပြီးရင်တော့ မဲစာရွက်ကို အလိုလျောက် ဖတ်တဲ့ စက်ထဲ ကိုယ်တိုင်သွားထည့်ရပါတယ်။ နယူးယောက်မြို့ အပိုင်၊ ဘရွတ်ကလင်မြို့နယ်က ဘရွတ်ကလင်ပြတိုက်မှာလည်း မဲရုံဖွင့်ထားပါတယ်။

ပန်ဆာဗေးနီးယားပြည်နယ် ရိုင်ဒဲလ်မြို့မှာ မဲဆန္ဒရှင်တွေ တန်းစီပြီး မဲပေးခဲ့ကြပါတယ်။  

ကျောင်းတွေမှာလည်း မဲရုံတွေ ဖွင့်ပေးထားတာကြောင့် နိုဝင်ဘာ ၈ ရက်နေ့မှာ အစိုးရကျောင်းတွေ ပိတ်ထားပါတယ်။ သပ်ဂွတ်မာရှယ် အထက်တန်းကျောင်းက အားကစားခန်းမမှာ မဲရုံလုပ်ပေးထားပါတယ်။  (အိုဟိုင်းရိုးပြည်နယ်၊ ဒေတွန်မြို့)

ခွေးလေး နာနီနဲ့ သူ့ပိုင်ရှင် နစ်အီဒင်ဂါတို့ကတော့ အော်စတင်အုတ်စ်ဘုရားကျောင်းမှာ မဲသွားပေးခဲ့တာပါ။ (တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့)

အော်စတင် မြို့ကောင်စီအဖွဲ့ဝင်နေရာအတွက် ယှဉ်ပြိုင်တဲ့ ရစ်ချက်စမစ်က အော်စတင်အုတ်စ် ဘုရားကျောင်း မဲရုံမှာ မဲဆန္ဒရှင်တွေကို စောင့်ကြိုနှုတ်ဆက်ခဲ့ပါတယ်။ (တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့)

ချစ်အန်ရုသ် Chick and Ruth စားသောက်ဆိုင်က လက်ထောက်စားဖိုမှူး ဖရန်ကလင်ဂါဆီးယားနဲ့ အဲဒီကိုလာစားသူ ရောဘတ် ဘတ်စ်ဆင့်ခ်တို့ ရုပ်မြင်သံကြားကြည့်ပြီး နိုင်ငံတော်ကို သစ္စာဆိုနေကြတာပါ။ (မယ်ရီလန်းပြည်နယ်၊ အန်နာပိုးလစ်မြို့)

နိုဝင်ဘာ ၈ ရက်မနက်မှမဲပေးဖို့ အစောဆုံးရောက်လာသူတွေကတော့ မဲရုံတံခါးဖွင့်ဖွင့်ချင်း မဲပေးနိုင်ခဲ့ကြပါတယ်။ (ဘရွတ်ကလင်ပြတိုက်၊ နယူးယောက်)

မယ်ရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးနေရာအတွက် ယှဉ်ပြိုင်သူ ဒန်ကော့စ်ကိုယ်တိုင် ဆပ်ဘီလ်စ်ဗေးလ် မူလတန်းကျောင်း မဲရုံကို ရောက်လာတော့ သူ့ကို ထောက်ခံသူတွေ ဝိုင်းကြိုနှုတ်ဆက်ခဲ့ကြပါတယ်။ (မယ်ရီလန်းပြည်နယ်)

မဲပေးတဲ့နေရာမှာ ကိုယ်ထောက်ခံသူတွေကို မဲပေးနိုင်ဖို့ကိုတော့ မဲစာရွက်မှာ သေချာဖတ်ပြီး ဖြည့်စွက်ရတာပါ။ (ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့)