အင်ဒိုနီးရှားငလျင် အနည်းဆုံး လူ ၅၆ ဦးသေဆုံး
Your browser doesn’t support HTML5
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ဒီကနေ့ တနင်္လာနေ့ ပြင်းအား ၅.၆ အဆင့်ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၅၆ ယောက် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ငလျင်ကြောင့် အဆောက်အဦး ဒါဇင်ချီ ပျက်ဆီးခဲ့ရတယ်လို့ နိုင်ငံတော်သဘာဝဘေးအန္တရာယ် လျော့ပါးရေးဌာန အကြီးအကဲက ပြောပါတယ်။