အင်ဒိုနီးရှားငလျင် သေဆုံးသူ ၁၆ဝ ကျော်ရှိ
Your browser doesn’t support HTML5
အင်ဒိုနီးရှားနိုင်ငံက ဂျာဗားကျွန်းမကြီးမှာ တနင်္လာနေ့က ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တဲအတွက် လူ ၁၆၂ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာတွေ ရရှိကြပါတယ်။ ငလျင်ကြောင့် ဒါဇင်နဲ့ချီရှိကြတဲ့ အဆောက်အအုံတွေ ပြိုကျပျက်စီးကုန်တယ်လို့ အမျိုးသား သဘာဝဘေး အန္တရာယ် လျော့ကျရေး NDMA ရဲ့ အကြီးအကဲ က ပြောပါတယ်။