သမ္မတဘိုင်ဒန် နှစ်ရာပြည့် အိမ်ဖြူတော်ခရစ္စမတ်သစ်ပင် မီးဖွင့်ပေး

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စုရဲ့ နှစ်တရာပြည့် ခရစ္စမတ်သစ်ပင်ထွန်းညှိပွဲအခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်နေ့ ညက အိမ်ဖြူတော်မှာ ကျင်းပခဲ့ပါတယ်။ မိသားစုတွေ နှစ်စဉ်ဆုံတွေ့ကြတဲ့ ခရစ္စမတ် အားလပ်ရက် ရာသီမှာ အတူရှိမနေနိုင်တော့သူတွေကို လွမ်းဆွတ်ကြရတာအတွက် သမ္မတက အခမ်းအနားမှာ စာနာစကားပြောသွားခဲ့ပါတယ်။

“အမေရိကားဟာ ထိခိုက်နာကျင်နေတဲ့ နိုင်ငံဖြစ်ပေမဲ့ ဒဏ်ရာတွေကို ကုစားနိုင်တယ်၊ ဘယ်တော့မှ အရှုံးမပေးကြပါ” လို့ သမ္မတဘိုင်ဒန်ပြောသွားပါတယ်။