NUG ယာယီသမ္မတ လေယာဉ်ပစ်လက်နက်အကူအညီတောင်း

Your browser doesn’t support HTML5

မိတ်ဆွေ အမေရိကန်နဲ့ အီးယူတို့က ယူကရိန်းကို ကူညီသလိုမျိုး မြန်မာကို အကူအညီပေးကြဖို့နဲ့၊ မြန်မာပြည်သူတွေဟာ မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အတော်လေး ခံစားနေရတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက ပြောဆိုပါတယ်။

စစ်တပ်က နိုင်ငံရေးကနေ လုံးဝဆုတ်ခွာရမယ်ဆိုတာအပါအဝင် အချက်လေးချက်ပါ ကြိုတင်သတ်မှတ်ချက်လက်ခံမယ်ဆိုရင်တော့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကောင်းဆွေးနွေးမယ်လို့လည်း NUG သမ္မတက ပြောပါတယ်။ ရိုက်တာသတင်းဌာနကကျင်းပတဲ့ Reuters Next အွန်လိုင်း ညီလာခံတက်ရောက်တဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ကိုသားညွန့်ဦးက အနှစ်ချုပ် တင်ပြထားပါတယ်။