တိုက်ပွဲတွေ ပိုပြင်းလာတယ်၊ နစ်နာစရာတွေ ပိုများလာတယ်ဆိုပေမဲ့ ကျွန်ုပ်တို့ရဲ့ ခိုင်မာမှုက သံမဏိလိုပဲ တည်တန့်ပါတယ်၊ ခင်ဗျားတို့ ဇွဲနဲ့ ရဲစွမ်းသတ္တိကြောင့် ကျွနု်ပ်တို့ လွတ်လပ်ရေး ရရှိမှာပါ။ အထူးဂုဏ်ယူပါတယ်လို့ သမ္မတက စစ်သည်တွေကို ပြောကြားသွားပါတယ်။
ယူကရိန်းတပ်မတော်နေ့ သမ္မတ ရှေ့တန်းစစ်မြေပြင်သွားရောက်
Your browser doesn’t support HTML5
ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကျရောက်တဲ့ ယူကရိန်းတပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ရုရှားကျူးကျော်စစ်မှာ နိုင်ငံအတွက် ခုခံတိုက်နေကြတဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ သမ္မတ ဗလိုဒီမီယာဇလန်းစကီး ရှေ့တန်းစစ်မြေပြင်တနေရာကို သွားရောက်ခဲ့ပါတယ်။