ထိုင်းမှာ တက်ဆလာလျှပ်စစ်ကား အွန်လိုင်းကရောင်း

Your browser doesn’t support HTML5

အာရှဒေသမှာ ကားထုတ်လုပ်မှု စတုတ္ထအများဆုံး နိုင်ငံလည်းဖြစ်ပြီး ဂျပန်ကားတွေနဲ့ တရုတ်လျှပ်စစ်ကားတွေနေရာရထားတဲ့ ထိုင်းနိုင်ငံမှာ ကမ္ဘာ့နာမည်အကျော်ဆုံး အမေရိကန်လျှပ်စစ်ကား ကုမ္ပဏီ တက်ဆလာက နေရာယူဖို့ ခြေလှမ်းစလိုက်ပါတယ်။

ဘန်ကောက်မြို့တော်မှာ ဒီဇင်ဘာ ၇ ရက်နေ့က တက်ဆလာ စတင်မိတ်ဆက်ပွဲ ပြုလုပ်ပြီး အွန်လိုင်းကနေ စတင်ရောင်းချတော့မှာပါ။