တရုတ်အလယ်ပိုင်းမှာ အစုလိုက်အပြုံလိုက် ယာဉ်တိုက်မှုဖြစ်

Your browser doesn’t support HTML5

တရုတ်ပြည်အလယ်ပိုင်း ကျုံးကျိုးမြို့ အမြန်လမ်းတခုပေါ်မှာ ယာဉ်တိုက်မှုတွေဖြစ်ပြီး ရာနဲ့ချီတဲ့ ကားတွေရပ်တန့်ကုန်ကြောင်း အစိုးရပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။ မြူတွေဆိုင်းပြီး မြင်ကွင်းမကြည်လင်တာကြောင့် အခုလို ဖြစ်ရတာဖြစ်ပြီး လူ (၁)ဦးသေဆုံးကြောင်း သိရပါတယ်။