ဘရာဇီးသမ္မတသစ်အဖြစ် လူလာကျမ်းသစ္စာကျိန်ဆို

Your browser doesn’t support HTML5

ဘရာဇီးသမ္မတ လူဝစ်ဇ်အင်နာစီယိုလူလာဒီဆေးဗားလ်ဟာ တနင်္ဂနွေနေ့က မြို့တော် ဘရာဆေးလ်လီယားမှာ ကျမ်းသစ္စာကျိန်ဆိုပြီး တတိယအကြိမ်အဖြစ် သမ္မတရာထူးကို ထမ်းဆောင်ပါတယ်။

လူလာဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀အထိ သမ္မတဖြစ်ခဲ့ဖူးပြီး အခုတကြိမ်ရွေးကောက်ပွဲ အနိုင်ရလိုက်တာဟာ သူ့ကိုထောက်ခံသူတွေအတွက် အားရစရာတရပ်ဖြစ်နေတဲ့တချိန်ထဲမှာပဲ မဲမသမာမှုစွပ်စွဲချက်တွေကြောင့် သူ့ပြိုင်ဘက်ကိုထောက်ခံသူတွေအတွက်လည်း မကျေနပ်ဒေါသထွက်စရာဖြစ်ခဲ့ပါတယ်။ လက်ဝဲဝါဒီလူလာဟာ လက်ယာစွန်း သမ္မတဘော်ဆိုနာရိုကို ၂ ရာခိုင်နှုန်းနီးပါး မဲအသာနဲ့ ပွတ်ခါသီခါ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။