ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး

Your browser doesn’t support HTML5

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက ဖမ်းဆီးခံရတဲ့ ကချင်နှစ်ခြင်းအသင်းတော်(KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။ သူ့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နဲ့ တပ်မတော်ကြည်ညိုပျက်ပြားအောင်လုပ်ဆောင်မှု ၅၀၅-က နဲ့ တရားရုံးတင်စွဲဆိုထားတယ်လို့သိရပါတယ်။