မြောက်ကိုရီးယားဆိုင်ရာ လူ့အခွင့်အရေးသံတမန်သစ် ကန်ခန့်အပ်

Your browser doesn’t support HTML5

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးသံတမန်အဖြစ် မစ္စဂျူလီတမ်နာ (Julie Turner) ကို အမေရိကန်က ခန့်ထားလိုက်တာကို လူ့အခွင့်အရေး အဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။ ဒီရာထူးနေရာ လစ်လပ်နေခဲ့တာ ၆ နှစ် ရှိခဲ့ပါပြီ။