ဒီးမော့ဆိုမှာ လက်နက်ကြီးကျည်ကျလို့ ပြည်သူ ၂ ဦးသေဆုံး
Your browser doesn’t support HTML5
စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီနယ်ထဲက ဒီးမော့ဆိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၇ ရက် မနေ့က စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၄ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။