ဘဏ်၂ခုပြိုပြီးနောက် နိုင်ငံဘဏ္ဍာရေးစနစ် ကန်သမ္မတအာမခံ

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးစနစ်ဟာ စိတ်ချရပါတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့ မတ်လ ၁၃ ရက်နေ့ကပဲ ပြောကြားသွားပါတယ်။ အမေရိကန် ဘဏ် ၂ ခု အချိန်တိုအတွင်း ပြိုလဲသွားရလို့ နောက်ဆက်တွဲ ငွေကြေးအကြပ်အတည်းကြီးလိုက်လာမှာ စိုးရိမ်နေကြချိန်မှာ အခုလို သမ္မတက ပြောသွားတာပါ။