မိုးသည်း၊ လေထန်မှုကြောင့် ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်မှာ နေအိမ်တချို့ ပျက်ဆီး

Your browser doesn’t support HTML5

ဒီကနေ့ မနက်ပိုင်းက ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်ခဲ့တာကြောင့် သစ်ပင်တွေ ကျိုးကျပြီး နေအိမ်တချို့ ပျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ နေရာအတော်များများမှာလည်း မနက်ဖြန်အထိ နေရာကွက်ပြီး မိုးရွာနိုင်ခြေရှိတယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။