ဗြိတိန်ဒုဝန်ကြီးချုပ် Dominic Raab ရာထူးကနေ နုတ်ထွက်

Your browser doesn’t support HTML5

ဗြိတိန်ဒုဝန်ကြီးချုပ်လည်းဖြစ် တရားရေးဝန်ကြီးလည်းဖြစ်တဲ့ Dominic Raab ဒီနေ့ ရာထူးကနေ နုတ်ထွက်သွားပါတယ်။ ဝန်ထမ်းတွေအပေါ် အနိုင်ကျင့်ဆက်ဆံတယ်ဆိုတဲ့ တိုင်ခြားချက်တချို့ကို ဘက်မလိုက်စုံစမ်းရေးအဖွဲ့က ဟုတ်မှန်တယ်လို့ လက်ခံခဲ့ပြီးနောက် နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သူ့ရဲ့နုတ်ထွက်စာမှာ ဖော်ပြပါတယ်။