ပလပ်စတစ်အမှိုက် အိမ်
ကမ္ဘာမှာ နာမည်ကျော်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ စွန့်ပစ်အမှိုက်ပြဿနာနဲ့ ဆိုးဆိုးဝါးဝါး ကြုံနေရလို့ ဒါကို ဖြေရှင်းနိုင်ဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေ ကြိုးပမ်းနေကြပါတယ်။ ပလပ်စတစ်စွန့်ပစ်အမှိုက် ရှင်းလင်းရေးအဖွဲ့ Sungai Watch ကို တည်ထောင်သူ ဂယ်ရီ ဘန်ချန်ဂစ်ဘ်ကတော့ မြစ်တွေထဲက ဆယ်ယူရတဲ့ ပလပ်စတစ်အမှိုက်တွေနဲ့ အိမ်ဆောက်ပြီးနေတာပါ။