ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ် အရပ်သား ၂၀ ခန့် မီးရှို့သတ်ခဲ့ကြောင်း KNU သတင်းထုတ်ပြန်

Your browser doesn’t support HTML5

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ညောင်ပင်သာ ကျေးရွာက ပြည်သူတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး သတ်ဖြတ်မီးရှို့ခဲ့ရာမှာ လူ ၂၀ သေဆုံးခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ပြီလို့ KNU က မနေ့က သတင်းထုတ်ပြန်ပါတယ်။