ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းကလေးတွေ ထွက်ပြေးရ
မေလ ၂၉ ရက်နေ့မှာ ရုရှားက ယူကရိန်းမြို့တော်ကို နာရီတော်တော်ကြာတိုက်ခိုက်ခဲ့ပြီး အကြီးအကျယ် ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ နေ့ခင်းဘက် တိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင် လမ်းမှာ သွားလာနေတဲ့ အရပ်သားတွေ ထွက်ပြေးကြရတာကို တယ်လီဖုန်း ဗွီဒီယိုမှာ တွေ့ရပါတယ်။