နိုင်ငံရေးအကျဉ်းသားတဦး မြင်းခြံထောင်မှာသေဆုံး

Your browser doesn’t support HTML5

မန္တလေးတိုင်း မြင်းခြံထောင်မှာ နိုင်ငံရေး ပုဒ်မနဲ့ အကျဉ်းကျခံနေရသူတဦး အကျဉ်းထောင်ထဲမှာ မနေ့က သေဆုံးသွားပါတယ်။ အစာအိမ်သွေးကြောပေါက် သေဆုံးတာလို့ အာဏာပိုင်တွေက ပြောပေမဲ့ သေဆုံးသူရဲ့ အလောင်းမှာ ကြိုး တုတ်ခံထားရတဲ့ အညိုအမဲ ဒဏ်ရာတွေ တွေ့ရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။