နိုင်ဂျီရီးယားမှာ တရုတ်ရေတပ် ဆိုက်ရောက်

Escort squadrons of the Chinese Navy Task Group 162 boards a warship at Apapa harbour in Lagos, on July 4, 2023.

နိုင်ဂျီးရီးယားကို ဒီအပတ် ရောက်လာတဲ့ တရုတ်ရေတပ်ကြောင့် မဟာဗျူဟာအရ အရေးပါတဲ့ ဂီနီ ပင်လယ်ကွေ့မှာ တရုတ်ရဲ့ စစ်ရေးရည်မှန်းချက်က ဘာလဲလို့ မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။

တရုတ် စစ်သင်္ဘော ၃ စင်းဟာ လားဂို့စ် Lagos ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားခဲ့တာ ငါးရက်ကြာနေပါပြီ။ နိုင်ဂျီးရီးယား နဲ့ တရုတ် တာဝန်ရှိသူတွေကတော့ ဒေသတွင်း ရေကြောင်းသွားလာမှု လုံခြုံရေး တိုးမြှင့်ဖို့ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

အာဖရိကမှာ တရုတ် စစ်အခြေစိုက်စခန်း ထူထောင်ရေး ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ဗွီအိုအေက မေးမြန်းရာမှာတော့ နိုင်ဂျီးရီးယားနဲ့ ဝါရှင်တန် ဒီစီမှာရှိတဲ့ တရုတ်သံရုံးတို့က မှတ်ချက်ပေးဖို့ ငြင်းဆိုကြပါတယ်။ မေးခွန်းနဲ့ ပတ်သက်လို့ “ပြောစရာ ဘာမျှမရှိပါ”လို့ ဝါရှင်တန်ဒီစီ တရုတ်သံရုံးက အကြောင်းပြန်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ၊ တခြားတိုင်းပြည်တွေနဲ့ အာဖရိကက တွဲဖက်လုပ်ဆောင်တာကို မကန့်သတ်လိုပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အာဖရိကရဲ့ အတ္တလန်တစ် ကမ်းခြေမှာ တရုတ်က နေရာယူလာတာကို ပထမဦးစားပေးအဖြစ် တားဖို့ ဒါမှမဟုတ် ကာကွယ်ဖို့ လိုအပ်တယ်လို့ အာဖရိက ဆိုင်ရာ အမေရိကန်တပ်မှူးကြီး ဗိုလ်ချုပ်ကြီး စတီဖင်တောင်ဆန် Stephen J. Townsend က အမေရိကန် အောက်လွှတ်တော် လက်နက်ကိုင်တပ်များကော်မီတီ ကြားနာပွဲမှာ မနှစ်က ပြောခဲ့ဖူးပါတယ်။

နိုင်ဂျီးရီးယားမှာ ခုလို ဝင်လိုက်တာက ရိုးရိုးရှင်းရှင်း မိတ်ရင်းဆွေးရင်း ခရီးသာဖြစ်ပြီး၊ ဂီနီ ပင်လယ်ကွေ့ မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ ရေကြောင်းအန္တရာယ်တွေကို ပူးတွဲ ကိုင်တွယ်ဖို့ရည်ရွယ်ပါတယ်လို့ တရုတ်ကတော့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

Your browser doesn’t support HTML5

နိုင်ဂျီရီးယားမှာ တရုတ်ရေတပ် ဆိုက်ရောက်