မလေးရှားရှိ မြန်မာ့အလုပ်သမားရေးလှုပ်ရှားသူမိသားစု ဖမ်းဆီးခံရပြီးပျောက်ဆုံး

Your browser doesn’t support HTML5

မလေးရှားနိုင်ငံကမြန်မာဒုက္ခသည်နဲ့ မြန်မာ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ မသူဇာမောင် နဲ့သူ့မိသားစုဝင်အားလုံး ဇူလိုင်လ ၄ ရက်နေ့ကစပြီး အတင်းအဓမ္မခေါ်ဆောင်ခံသွားရတယ်လို့ Human Rights Watch က ဇူလိုင်လ ၁၇ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။