ငါးမန်းကြီး (၅)ကောင် အင်ဒိုရေငုပ်သမားတွေကယ်တင်

Your browser doesn’t support HTML5

အင်ဒိုနီးရှားရေပိုင်နက် သမုဒ္ဒရာထဲမှာ ငါးဖမ်းပိုက်ထဲဝင်တိုးမိပြီး ပြန်ထွက်မရတဲ့ Whale Shark အမျိုးအစား ငါးမန်းကြီး ငါးကောင်ကို ရေငုပ်သမားတွေ ကယ်တင်ခဲ့ပါတယ်။ ရေအောက်မှာရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာတော့ ပိုက်ကွန်ကနေ သူတို့လွတ်သွားတဲ့ အခိုက်အတန့်ကိုတွေ့ရမှာပါ။