ဘားအံ သံလွင်တံတားဂိတ် ပေါက်ကွဲမှု ၁ ဦး သေဆုံး

Your browser doesn’t support HTML5

ကရင်ပြည်နယ်၊ ဘားအံမြို့အထွက် သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲတာကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။ စစ်တပ် ဝန်ထမ်း၊ ယာဉ်ထိန်းရဲနဲ့ အရပ်သား စုစုပေါင်း ၁၀ ဦးကျော်လည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး တံတားကိုတော့ နာရီပိုင်းလောက် ပိတ်ခဲ့ရပါတယ်။