တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီနေ့တလွတ်မြောက်လာသူတွေထဲမှာ အမှုငယ်တွေသာ အများဆုံးပါရှိပြီး နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ကျနေသူတွေ မဆိုသလောက်သာ ပါတယ်လို့ လူ့အခွင့်အရေး ရှေ့နေတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီနေ့ လွှတ်ပေးသူတွေထဲမှာ ထောင်ဒဏ် ၂ နှစ် ၃ နှစ် ချခံထားရတဲ့ ၅၀၅ (က) နဲ့ ၅၂ (က) လို အမှုတွေသာ အများဆုံးပါကြောင်း အကျဉ်းသားတွေရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ တရားလွှတ်တော်ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။ သတင်းအပြည့်အစုံ - https://bit.ly/3rPumfg
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်မှလွတ်လာများကိုတွေ့ရစဉ်
Your browser doesn’t support HTML5
တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၇,၇၄၉ ယောက်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဒီနေ့ ဩဂုတ်လ ၁ ရက်မှာ ကြေညာလိုက်အပြီး ရန်ကုန်မြို့အင်းစိန်ထောင်ကနေ လွတ်မြောက်လာသူတွေဖြစ်ပါတယ်။