ဟာဝိုင်အီကျွန်း တောမီးကြောင့် သေဆုံးသူ ၁၀၀ နီးပါး အတည်ပြု

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စု၊ Hawaii ပြည်နယ်၊ Maui ကျွန်းမှာလောင်ခဲ့တဲ့ တောမီးကြောင့် သေဆုံးသူအရေအတွက်ဟာ ၉၉ ဦး ရှိသွားပြီဖြစ်ပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေက အသေးစိတ် လိုက်လံ ရှာဖွေမှုတွေ ပြီးဆုံးချိန် လာမယ့် ၁၀ ရက်အတွင်းမှာ သေဆုံးသူအရေအတွက် ၂ ဆ ဖြစ်သွားနိုင်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက တနင်္လာနေ့မှာ ပြောပါတယ်။