မော်ရိုကို ငလျင် သေဆုံးသူ ၂၀၀၀ ကျော်ပြီ

Your browser doesn’t support HTML5

မော်ရိုကို နိုင်ငံမှာ သောကြာနေ့ ညဘက် လှုပ်ခတ်ခဲ့တဲ့ ပြင်းအား အဆင့် ၆.၈ ရှိတဲ့ ငလျင်ကြောင့် သေဆုံးရသူက စနေညအထိဆို ၂၀၁၂ ယောက်ရှိပြီဖြစ်ပြီး ဒဏ်ရာရသူကလည်း ၂၀၀၀ ထက် မနည်းရှိနေတယ်လို့ မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။