ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ်ထဲ စစ်ကောင်စီတပ်တွေ ဝင်လာမှု ထိုင်းအမတ် မေးခွန်းထုတ်

Your browser doesn’t support HTML5

မြန်မာနဲ့နယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ထဲက ကျေးရွာတွေမှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ မြန်မာစစ်ကောင်စီတပ်သားတွေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်တာတွေရှိတယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းစစ်ဆေးဖို့ တရားမျှတရေးပါတီ (Fair Party) လွှတ်တော်အမတ် ကန်နာဝီ ဆွပ်ဆင် (Kannavee Suebsang) က အစိုးရကို ဖိအားပေးလိုက်ပါတယ်။