လစ်ဗျားရေဘေးကြောင့် သေဆုံးသူ ၂၀၀၀၀ ခန့်ရှိနိုင်ကြောင်းခန့်မှန်း

Your browser doesn’t support HTML5

ပြီးခဲ့တဲ့ တနင်္လာနေ့ညက အာဖရိကတိုက် မြောက်ပိုင်း လစ်ဗျားနိုင်ငံ Derna မြို့မှာ အင်အားပြင်းမုန်တိုင်းတိုက်ခတ်ပြီး၊ ရေကာတာတွေကျိုးပေါက်ပြီး ရေလွှမ်းမိုးခဲ့တာကြောင့် သေဆုံး၊ ပျောက်ဆုံးနေသူ ထောင်နဲ့ချီကို ကယ်ဆယ်ရေးသမားတွေ ဆက်ပြီးရှာဖွေနေကြပါတယ်။