ကရင်နီ ဘောလခဲမြို့နယ်တွင်း သုံးရက်ကြာတိုက်ပွဲဖြစ်ပွား
Your browser doesn’t support HTML5
ကရင်နီပြည်နယ် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ရှိသွားပြီး စစ်ပြေးရှောင် ဒေသခံတွေ ခိုလှုံနေကြတဲ့ကျေးရွာကို လေယာဥ်နဲ့ဗုံးကြဲခံရလို့လည်း ထပ်ပြီးတော့ နေရာပြောင်းရွှေ့နေရတယ်လို့ ရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။