မလေးရှား Rompin ခရိုင်မှာ မြန်မာသုံးဦး အစာအဆိပ်သင့်သေဆုံး
Your browser doesn’t support HTML5
မလေးရှားနိုင်ငံ ပါဟန်ပြည်နယ် Rompin ခရိုင်အလုပ်ဆိုဒ်တခုထဲမှာ မြန်မာနိုင်ငံသား ၃ ဦး အောက်တိုဘာလသေဆုံးခဲ့တာနဲ့ ဒီသေဆုံးမှုဟာ မသေဆုံးခင် တိုက်ခိုက်ခံရတဲ့အခြေအနေမျိုးမဟုတ်ဘဲ လတ်တလော အစာအဆိပ်သင့်မှုတခုခုကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ မလေးရှားရဲအရာရှိက အောက်တိုဘာလ၂၀ ရက်နေ့က မှတ်ချက်ချပြောဆိုခဲ့ပါတယ်။