သက်ဆင်ရဲ့သမီး ထိုင်းအာဏာရပါတီခေါင်းဆောင်ဖြစ်လာ

Your browser doesn’t support HTML5

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီးဟာ လက်ရှိ ထိုင်းဝန်ကြီးချုပ်ပါတီရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်။ သက်ဆင်ရဲ့ အငယ်ဆုံးသမီးဖြစ်သူ အသက် ၃၇ နှစ်အရွယ် Paetongtarn Shinawatra ကို Pheu Thai ပါတီ အမှုဆောင်အရာရှိတွေနဲ့ ပါတီဝင်တွေက ပါတီခေါင်းဆောင်အဖြစ် မဲပေး ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။