ကာတာနိုင်ငံမှာ သေဒဏ်ပေးခံထားရတဲ့ ရေတပ်အရာရှိဟောင်းတွေပြန်လွှတ်ရေး အိန္ဒိယအစိုးရကတိပေး

Your browser doesn’t support HTML5

အစ္စရေးနိုင်ငံအတွက် သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာတာနိုင်ငံက တရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့ အိန္ဒိယရေတပ်အရာရှိဟောင်းရှစ်ဦးကို ပြန်လွှတ်ပေးရေး အလုံးစုံကြိုးပမ်းသွားမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့ (အောက်တိုဘာ ၃၀) မှာ ပြောကြားလိုက်ပါတယ်။