ထိုင်းပြည်ဝင်ခွင့်တံဆိပ်တုံးအတုပါ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ မြန်မာ ၂၀ အဖမ်းခံရ
Your browser doesn’t support HTML5
အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ရိုင် မြို့မှာ အမျိုးသမီး ၄ ဦး အပါအဝင် မြန်မာအယောက်၂၀ ကို ထိုင်းနိုင်ငံထဲအဝင် တံဆိပ်တုံး အတုရိုက်နှိပ်ထားတဲ့ နိုင်ငံကူးလတ်မှတ်စာအုပ် Passport တွေနဲ့ တွေ့တဲ့ အတွက် ဆုန်ခလာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။