ဂါဇာဒေသမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ ထွက်ခွာခွင့်ရ

Your browser doesn’t support HTML5

အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲတွေ စတင်ချိန်ကတည်းက ဂါဇာဒေသမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေထဲက ပထမအသုတ် ဒီကနေ့ပဲ အီဂျစ်နိုင်ငံကို ထွက်ခွာနေပါပြီ။ ကာတာနိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ Rafah နယ်စပ်ကို ပြန်ဖွင့်ပေးဖို့ အစ္စရေး၊ အီဂျစ်နဲ့ ဟာမတ်စ်တို့ကြား သဘောတူညီချက် ရရှိခဲ့ကြတာပါ။