Vaping (ခေါ်) ဆေးလိပ်ငွေ့ရှူခြင်း
Vape (သို့) E-စီးကရက်လို့ခေါ်တဲ့ ဒီ ဆေးငွေ့ရှူတာ ဘယ်လို စတင်ခဲ့ပြီး၊ ဘယ်လို အန္တရာယ်ရှိနိုင်ပါလဲ။ ခေတ်လူငယ်တွေကြား ရေပန်းစားလာနေတဲ့ ဒီဆေးလိပ်ငွေ့ရူတာက၊ ဆေးလိပ်သောက်သလို အနည်းနဲ့အများ ကျန်းမာရေး အန္တရာယ်ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ ဒီအကြောင်း Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ကိုဝင်းမင်းက မေးထားပါတယ်။