အမေရိကန်သမ္မတကတော်ဟောင်း ရိုဆလင်းကာတာ

Your browser doesn’t support HTML5

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ဇနီး သမ္မတကတော်ဟောင်း ရိုဆလင်း ကာတာဟာ နိုဝင်ဘာလ ၁၉ ရက်နေ့က အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရိုဆလင်း ကာတာဟာ မြန်မာ့အရေးအပါအဝင် ကမ္ဘာတဝန်း ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ လူသားအကျိုးပြုလုပ်ငန်းများစွာကို ဦးဆောင်လုပ်ခဲ့သူအဖြစ် ထင်ရှားပါတယ်။