ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်မှုမရတဲ့ ဒုက္ခသည်အမျိုးသမီးများ

Your browser doesn’t support HTML5

မြန်မာလက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိန္ဒိယထဲ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အိန္ဒိယဗဟိုအစိုးရက ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်မပြုသလို၊ နိုင်ငံတကာ အကူအညီ ဆိုတာလည်း မရှိတာကြောင့် အချိန်ကြာလာတာနဲ့အမျှ အကျပ်အတည်းတွေ ပိုများလာတယ်လို့ မီဇိုရမ်ပြည်နယ်တွင်း ဒုက္ခသည်အရေး ဆောင်ရွက်သူတွေက ပြောဆိုကြပါတယ်။