Voice Tra နဲ့ မြန်မာဘာသာပြန်

Your browser doesn’t support HTML5

မြန်မာဘာသာကနေ တခြားဘာသာအမျိုးပေါင်း ၃၀ ကျော်လောက်ကို အသံနဲ့ပါ ဘာသာပြန်ပေးနိုင်တဲ့ Voice Tra application ဟာ ဘာသာစကားကြောင့် အတားအဆီးမဖြစ်စေဖို့ ကြိုးစားတဲ့ ဂျပန်အစိုးရရဲ့ အစီစဉ်တခုဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ မြန်မာဘာသာကို ထည့်သွင်းနိုင်အောင် တာဝန်ယူသုတေသန လုပ်ခဲ့တဲ့ နက်တက် (NECTEC) ထိုင်းအမျိုးသား ကွန်ပြူတာနည်းပညာဌာနရဲ့ ဘာသာစကား သုတေသနဆိုင်ရာ ပါမောက္ခ ဒေါက်တာရဲကျော်သူကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။