တောင်ကိုရီးယားမှာ ခွေးသားထုတ်လုပ်ရောင်းချမှုတားမြစ်တဲ့ဥပဒေ အတည်ပြု

Your browser doesn’t support HTML5

တောင်ကိုရီးယားမှာ ခွေးသားထုတ်လုပ်ရောင်းချမှု တားမြစ်တဲ့ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ တိရစ္ဆာန်အခွင့်အရေး ထိခိုက်သလို နိုင်ငံတကာပုံရိပ်ကျဆင်းစေတဲ့ ခွေးသားထုတ်လုပ်ရောင်းချမှု ကို တားမြစ်ဖို့ အများတောင်းဆိုချက်အတိုင်း လွှတ်တော်က အတည်ပြုလိုက်တာပါ။