မှတ်ဉာဏ်လျော့ရောဂါ အန္တရာယ်လျှော့ချရေး
သူငယ်ပြန်တာလို့ တချို့သိထားတဲ့၊ ဒီမှတ်ဉာဏ်ကျရောဂါ ဖြစ်ဖို့ အန္တရာယ်နည်းအောင် ဘာတွေလုပ်သင့်ပါလဲ။ မှတ်ဉာဏ်ကျရောဂါ ဖြစ်ဖို့အန္တရာယ်နည်းအောင် စားသောက်နေထိုင်ပုံကနေစပြီး လက်တွေ့စလုပ်သင့်တာတွေရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။
ဒီအကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာ မျိုးမင်းအောင်ကို ကိုဝင်းမင်းက မေးထားပါတယ်။