ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးတဲ့ မြန်မာစစ်သားတွေ မကြာမီ ပြန်ပို့မည်

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲဝင်တွေ ၂၆၀ ကျော် ရှိပြီး နယ်ခြားပဋိပက္ခကို အတတ်နိုင်ဆုံး လူသားချင်းစာနာထောက်ထား နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက်အောင် ကိုင်တွယ်ဖြေရှင်းသွားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အကြီးအကဲက VOA ကို ပြောပါတယ်။