လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ကယားမှာ စာသင်ကျောင်းတွေ ယာယီပိတ်ထားရ

Your browser doesn’t support HTML5

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီကျေးရွာနဲ့ လွိုင်နန်းဖ စာသင်ကျောင်းတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရပြီးနောက် စာသင်ကျောင်း ၁၅၀ လောက် ယာယီပိတ်ထားရတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီဟာ ကလေးတွေ ပညာရေး ဖျက်ဆီးနေတာလို့ KNDFကပြောပါတယ်။