မြန်မာဒုက္ခသည်တွေ အကူအညီပေးရေး ထိုင်းအစီအစဉ် ကန် ထောက်ခံ

Your browser doesn’t support HTML5

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု အကူအညီပေးရေး ထိုင်း-မြန်မာနယ်စပ်မှာ လမ်းကြောင်းသတ်မှတ်မဲ့ ထိုင်းနိုင်ငံရဲ့ အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ထောက်ခံတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောဆိုပါတယ်။