ကွယ်လွန်သူ ရုရှားအတိုက်အခံခေါင်းဆောင်အတွက် ရုရှားဆိုင်ရာကန်သံအမတ်ကြီး ဂါရဝပြု

Your browser doesn’t support HTML5

အာတိတ်စက်ဝိုင်းအနီးက အကျဉ်းထောင်မှာ သောကြာနေ့က ကွယ်လွန်သွားခဲ့တဲ့ ၄၇ နှစ်အရွယ် ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ကိုအောက်မေ့တဲ့အနေနဲ့ မော်စကိုမြို့က Solovetsky Stone ကျောက်တိုင်ဆီကို ရုရှားဆိုင်ရာအမေရိကန်သံအမတ်ကြီး Lynne Tracy က တနင်္ဂနွေနေ့က သွားရောက်ဂါရဝပြုခဲ့ပါတယ်။