အလုပ်လက်မဲ့ တရုတ်လူငယ်ထု

Your browser doesn’t support HTML5

ကမ္ဘာ့ဒုတိယကြီးဆုံး စီးပွားရေးရှိရာ တရုတ်ပြည်မှာ လူငယ်တွေကြား အလုပ်လက်မဲ့နှုန်းပြဿနာက ကြီးမားလို့နေပါတယ်။ အလုပ်လျှောက်သူအရေအတွက် များပြီး အလုပ်နေရာနည်းတာကြောင့်လည်း ကုမ္ပဏီတွေအနေနဲ့ ရွေးချယ်စရာပိုများတဲ့အတွက် လုပ်ခလစာတိုးပွားမှုနှုန်းက နှေးကွေးနေတာပါ။