Rafah မြို့ကို မတိုက်ဖို့ အစ္စရေးကို အမေရိကန် သတိပေး

Your browser doesn’t support HTML5

ဂါဇာကမ်းမြှောင်ဒေသက လူနေထူထပ်တဲ့ Rafah မြို့ကို အစ္စရေးက မြေပြင်ထိုးစစ်ဆင်မှုတွေ စတင်ဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်လို့ ဒါဟာ မှားယွင်းတဲ့ အစီအစဥ်တခုလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုထားသလို၊ ဒီကိစ္စ ဆွေးနွေးဖို့အတွက် အမေရိကန်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ အစ္စရေးဝန်ကြီးချုပ် က သဘောတူထားပါတယ်။

Rafah မြို့ကို မတိုက်ဖို့ အစ္စရေးကို အမေရိကန် သတိပေး

ဂါဇာကမ်းမြှောင်ဒေသက လူနေထူထပ်တဲ့ Rafah မြို့ကို အစ္စရေးက မြေပြင်ထိုးစစ်ဆင်မှုတွေ စတင်ဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်လို့ ဒါဟာ မှားယွင်းတဲ့ အစီအစဥ်တခုလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုထားသလို၊ ဒီကိစ္စ ဆွေးနွေးဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က သဘောတူထားပါတယ်။ တချိန်တည်းမှာလည်း စစ်ပွဲတွေဖြစ်နေတဲ့ ဂါဇာကမ်းမြှောင်မှာ အငတ်ဘေး ဆိုက်နေတဲ့အခြေအနေ ပိုဆိုးလာနေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက သတိပေးနေပါတယ်။ အိမ်ဖြူတော်ကနေ ဗွီအိုအေသတင်းထောက် Anita Powell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက အပြည့်အစုံ တင်ပြပေးပါမယ်။