မြန်မာနိုင်ငံအတွက် အာဆီယံ စာနာမှုအကူအညီပေးရေး အစီအစဉ် ရှေ့သီတင်းပတ်စတင်မည် 

Your browser doesn’t support HTML5

မြန်မာနိုင်ငံအတွင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည် နှစ်သောင်းအတွက် ကြက်ခြေနီအသင်းတွေကတဆင့် လူသားချင်းစာနာမှုအကူအညီပေးမယ့် အစီအစဉ်တွေ ရှေ့သီတင်းပတ် တနင်္လာနေ့ မတ်လ ၂၅ ရက်နေ့မှာ စတင်မယ့်အကြောင်း ထိုင်းတာဝန်ရှိသူတွေ ပြောဆိုတာကို Bangkok Post သတင်းစာမှာ ရေးသားထားပါတယ်။