စက်လှေမှောက် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာတွေ ရှာဖွေရေးအစီအစဉ် အင်ဒိုနီးရှား ရပ်ဆိုင်း

Your browser doesn’t support HTML5

အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး ကမ်းလွန်မှာ စက်လှေမှောက်ပြီး ပျောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို ရှာဖွေတာတွေ ရပ်လိုက်ပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ ဒုက္ခသည် ဒါဇင်နဲ့ချီ ပင်လယ်ရေလှိုင်းနဲ့ မျောပါ သွားခဲ့တယ်လို့ အသက်ရှင် ကျန်ရစ်သူတွေက ပြောဆိုထားပါတယ်။