ဗြိတိန် ဝေလမင်းသမီး ကက်သရင်း ကင်ဆာရောဂါကုသမှု ခံယူနေရ

Your browser doesn’t support HTML5

ဗြိတိန်တော်ဝင် အိမ်ရှေ့စံ ဝေလမင်းသား ဝီလျံရဲ့ ကြင်ယာတော် ဝေလမင်းသမီး ကက်သရင်း (အရင်အမည် ကက်သရင်း မစ်ဒယ်လတန်)က သူ ကင်ဆာရောဂါ ခံစားနေရပြီး ကနဦးကုသမှု စတင်လုပ်ဆောင်နေကြောင်း သူတို့ မိသားစုနေထိုင်တဲ့ ကန်ဆင်တန်နန်းတော်က သောကြာနေ့မှာ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ပြောပါတယ်။